သူနာပြုသစ္စာအဓိဌာန်(၈)ချက်

၁။ကျွန်ုပ်တို့သည် လူသားအားလုံး၏ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးကို ကျွန်ုပ်တို့၏အရေးကဲ့သို့ယူဆပါအံ့။

၂။ကျွန်ုပ်တို့သည် သူနာပြုများ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီးအကျင့်စာရိတ္တပျက်ပြားမှုမှရှောင်ကျဉ်ပါအံ့။

၃။ကျွန်ုပ်တို့သည်ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှဂီလာနပုဂ္ဂိုလ်များအား လူမျိုးဘာသာအဆင့်အတန်းမခွဲခြားဘဲပြုစုပါအံ့။

၄။ကျွန်ုပ်တို့သည်လူသားတို့၏အသက်အန္တရာယ်နှင့် ကျန်းမာရေးကိုထိခိုက်စေနိုင်မည့်မည်သည့်အပြုအမူမျိုးကိုမဆိုတားဆီးကာကွယ်ပါအံ့။

၅။ကျွန်ုပ်တို့သည်လူနာ၏ဝေဒနာသက်သာမှုနှင့်ကျန်းမာရေး တိုးတက်မြင့်မားလာစေရန်အခြားကျန်းမာရေးဝန်ထမ်းများနဲ့ပူးပေါင်း၍အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါအံ့။

၆။ကျွန်ုပ်တို့သည်လူနာ၏ဂုဏ်သိက္ခာနှင့်ကိုးကွယ်ယုံကြည်များမှုကို အစဉ်လေးစားပါအံ့။

၇။ကျွန်ုပ်တို့သည်လူနာ၏အတွင်းရေးကိစ္စများကိုပြောဆိုသင့်သည့် အချက်များမှအပလျှိုဝှက်ချက်အနေဖြင့်စောင့်ထိန်းပါအံ့။

၈။ကျွုပ်တို့သည်သူနာပြုများလိုက်နာရမည့်ကျင့်ဝတ်များကို စောင့်ထိန်းပြီးသူနာပြုအချင်းချင်းထာဝစဉ်စည်းလုံးညီညွတ်ရန်အမြဲတစေဆောင်ရွက်ပါအံ့။
#Admin1
#MNU

Comments

Popular posts from this blog

Literal meaning of NURSE