Posts

Literal meaning of NURSE

N= Nobility, Knowledge. ( မြင့်မြတ်ခြင်း၊ အသ်ပညာကြွယ်ဝခြင်း) U= Understanding, Usefulness. (စာနာတတ်ခြင်း၊ အသုံးဝင်ခြင်း) R= Responsibility, Righteousness. (တာဝန်ယူနိုင်ခြင်း၊ တရားမျှတမှုရှိခြင်း) S= Simplicity, Sympathy. (ရိုးရှင်းခြင်း၊ သနားကြင်နာခြင်း) E= Efficency, Equanimity. (ကျွမ်းကျင်ခြင်း၊ စိတ်တည်ငြိမ်ခြင်း) Proud to be nurse ❤ 🌶Chilli🌶 #MNU

သူနာပြုသစ္စာအဓိဌာန်(၈)ချက်

၁။ကျွန်ုပ်တို့သည် လူသားအားလုံး၏ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးကို ကျွန်ုပ်တို့၏အရေးကဲ့သို့ယူဆပါအံ့။ ၂။ကျွန်ုပ်တို့သည် သူနာပြုများ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီးအကျင့်စာရိတ္တပျက်ပြားမှုမှရှောင်ကျဉ်ပါအံ့။ ၃။ကျွန်ုပ်တို့သည်ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှဂီလာနပုဂ္ဂိုလ်များအား လူမျိုးဘာသာအဆင့်အတန်းမခွဲခြားဘဲပြုစုပါအံ့။ ၄။ကျွန်ုပ်တို့သည်လူသားတို့၏အသက်အန္တရာယ်နှင့် ကျန်းမာရေးကိုထိခိုက်စေနိုင်မည့်မည်သည့်အပြုအမူမျိုးကိုမဆိုတားဆီးကာကွယ်ပါအံ့။ ၅။ကျွန်ုပ်တို့သည်လူနာ၏ဝေဒနာသက်သာမှုနှင့်ကျန်းမာရေး တိုးတက်မြင့်မားလာစေရန်အခြားကျန်းမာရေးဝန်ထမ်းများနဲ့ပူးပေါင်း၍အစွမ်းကုန်ကြိုးစားဆောင်ရွက်ပါအံ့။ ၆။ကျွန်ုပ်တို့သည်လူနာ၏ဂုဏ်သိက္ခာနှင့်ကိုးကွယ်ယုံကြည်များမှုကို အစဉ်လေးစားပါအံ့။ ၇။ကျွန်ုပ်တို့သည်လူနာ၏အတွင်းရေးကိစ္စများကိုပြောဆိုသင့်သည့် အချက်များမှအပလျှိုဝှက်ချက်အနေဖြင့်စောင့်ထိန်းပါအံ့။ ၈။ကျွုပ်တို့သည်သူနာပြုများလိုက်နာရမည့်ကျင့်ဝတ်များကို စောင့်ထိန်းပြီးသူနာပြုအချင်းချင်းထာဝစဉ်စည်းလုံးညီညွတ်ရန်အမြဲတစေဆောင်ရွက်ပါအံ့။ #Admin1 #MNU

MNUရဲ့ 2020 Final Queen👑

Image